၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ လူ့အခွင့်အရေးရှေ့နေမကြီး နန္ဒီတာဟက်ဆာက အမှာစကားပြောကြားနိန်ပုံ.

This is default featured post 2 title

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ ရခိုင်နန့် ကရင်ရဲဘော်တိ တက်ရောက်လာကတ်ပုံ.

ဘင်္ဂလားဒေ့ရှ်ခကြာစိုရီခရိုင် ဖလံထောင်ဒေသရှိ ရခိုင်သူ ရခိုင်သားတိရေ ဧပြီလထဲက ကုလားရခိုင်အဓိကရုဏ်းကြောင့် အိုးမဲ့၊ အိမ်မဲ့၊ နီစရာ စားစရာမရှိ အခြေအနေကို ရောက်ရှိနိန်ရေအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)က နီးစပ်ရာ ရခိုင်လူထုနန့်တခြားလူမျိုးတိဘားက အလှူငွေကောက်ခံဗနာ ဖေးသာတိနန့် လှူဖွယ်ပစ္စည်းတိကို (၃)ရက်တိုင်တိုင် လားရောက်လှူဒါန်းစိုင်

Friday, April 22, 2011

နအဖဘားမှာဒူးထောက်လားခရေNCGUBအဖွဲ့ဝင်ဦးအောင်ထွန်းစိန်နန့်ပတ်သတ်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ယာယီအတွင်းရေးမှူးဖြစ်သူ ဦးသန်းဖေအား ဆက်သွယ်မိန်းမြန်းချက်….။

လေးဝတီ ခိုင်မင်းထွန်း April 22, 2011

အခမ်းအနားတခု၌ အားပတရ ပြောကြားနိန်ပုံ
ဦးအောင်ထွန်းစိန်
          
NCGUB အစိုးရအဖွဲ့ ဝင် ၀န်ကြီး ဦးအောင်ထွန်းစိန် မှာ ဒေကနိန့်  မဲဆောက်က လာရေသတင်းအရ မြ၀တီဖက်ကမ်းကနိန်ပနာ ရန်သူစစ်အစိုးရပါးမှာ ဒူးထောက်လားခဗျန် လို့သတင်းကြားရပါရေ ။

(၁၉၉၀)-ခုနှစ်ပုဏ္ဍားကျွန်း မဲဆန္ဒနယ်မြီက လွှတ်တော်ကိုယ်စားလှယ် ဦအောင်ထွန်းစိန် မှာ (၂၀၀၆)- ခုနှစ် ထိုင်းနိုင်ငံဖက်ကို ထွက်လာပြီးကေ ပြည်ပတော်လှန်ရီးအဖွဲ့ တိနန့်  ပူးပေါင်းပနာ စစ်အစိုးရကို ဆန့် ကျင်နိန်ခသူဖြစ်ပါရေ ။

ဦးအောင်ထွန်းစိန်ရေ ရန်သူပါးမှာ ဒူးထောက်လားရေကိစ္စနန့်ပတ်သက်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) ယာယီအတွင်းရေးမှူးဖြစ်သူ ဦးသန်းဖေအား ရခိုင်ရိုးမ သတင်းဌာနက ဆက်သွယ် မိန်းမြန်းကြည့်ရာ-
 
ဖြေ။
ဦးအောင်ထွန်းစိန်ရေ လွှတ်တော်အမတ် တယောက်ဆိုစော် ငြင်းစရာမဟိပါ မှန်ပါရေ၊ သူပြည်ပကို ထွက်လာရေ အချိန်ကပင်စလို့ (၂၀၀၈) ခုနှစ်( ၃) လပိုင်းထိ ပါတီပိုင်းဆိုင်ရာကို လွှတ်တော်အမတ်နန့်အညီ ပါတီတွင်းလုပ်ဆောင်ခစော် မဟိသလောက်လို့ ပြောလို့ရပါရေ။ ယင်းချင့်တောင်မကသိမ့်၊ ပါတီဆိုင်ရာ (ပြည်ပ)ညီလာခံကို မလေးသျှားနိုင်ဂံမှာ(၂၀၀၈) ခုနှစ် မတ်လမာ ကျင်းပပြုလုပ်ကတ်တေခါ သူ့ကိုမဲစနစ်အရ နာယကအဖွဲ့ဝင်ဖြစ် ရွီးချယ်ခကတ်ပါရေ။ ယင်းချင့်နောက်ပိုင်းမှာ ရခိုင်ဒီမိုကရေစီပါတီ(ပြည်ပ)နန့် အဆက်အသွယ်မလုပ်ပဲ ကိုယ်ထင်ရာ ကိုယ်လုပ်နိန်သူဖြစ်တေအတွက် သူ၏လုပ်ရပ်ဖြစ်တေ ရန်သူပါးမာ ဒူးထောက်လားခြင်းသည် ကျနော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)နန့် လုံးဝ မသက်ဆိုင်သည့်အတွက် နစ်နာဆုံးချုံးခြင်းလည်း လုံးဝမဟိကြောင်း၊ ပါတီသည် ဒေနိန့်အချိန်ထိ နိုင်ငံတကာရောက် ဌာနခွဲများမှာ(Internet) သတင်းကွန်ယက်ကြောင့်  ဆက်လက်ရှင်သန်နိန်ဆဲပါရာ။

 မိန်း။ ဦးအောင်ထွန်းစိန်ရေ မလေးရှားနိုင်ငံမှာ ပြုလုပ်ခရေ (ANC) ညီလာခံသဘာပတိ ဖြစ်ပြီးကေ လွန်ခရေ (၃)-လလောက်ကလည်း သဘာပတိဖြစ်သူ ဦးပဒီးဖြူက ဒူးထောက် လားခပြီးကြောင်းသိရပါရေ။ ယင်းချင့်နန့်ပတ်သက်လို့ ဇာပိုင်မြင်ပါလဲလို့ မိန်းကြည့်ရေခါ-
 
ဖြေ
။ အထက်ကလူတိဒူးထောက်လားလို့ ရခိုင်အမျိုးသားကောင်စီ(ANC) ဆိုစော် သိက္ခာကျလားခြင်းမဟိပါ။ အစွာဖြစ်လို့လဲဆိုကေ ထိုင်းမြန်မာနယ်စပ်မာ အခြီချလုပ်ကိုင်နိန်ရေ  လက်ဟိ  (ANC) အတွင်းရေးမှူး တာဝန်ကိုထမ်းဆောင်နိန်သူ၊ ရခိုင်ကျောင်းသားလူငယ်အဖွဲ့ (AASYC)မှ ကိုထွန်းဇော်က တိုင်းရင်းသားလူမျိုးများကောင်စီ(ENC)နန့် လက်တွဲပနာ နိုင်ငံရေး ကိစ္စ အ၀၀ကိုလုပ်ဆောင်နိန်ရေအတွက် ရခိုင်ပြည် အမျိုးသားကောင်စီအတွက် နစ်နာဆုံး ချုံးခြင်းမဟိပါ။
မိန်း။ ဦးအောင်ထွန်းစိန်ရေ မလေးရှားနိုင်ငံမှာပြုလုပ်တေညီလာခံက တင်မြှောက်ခရေ (ANC)  သဘာပတိ မဟုတ်ပါလားလို့မိန်းရေခါ-

ဖြေ။
ရခိုင်အမျိုးသားကောင်စီ(ANC)ကို ကိုယ်စားလှယ်လားရေခါ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဥက္ကဌ၊ အတွင်းရေးမှူး နန့် လိုအပ်ကေ ဗဟိုကော်မီတီဝင် တယောက်ယောက်ရာ လားရပါရေ၊ ဦးအောင်ထွန်းစိန်ရေ (၂၀၀၈) ခုနှစ် ပါတီညီလာခံက သူ့ကိုနာယကအဖွဲ့ဝင်ဖြစ် ရွီးချယ်ထားသူဖြစ်ပါရေ၊ ယေဇုနန့် သူ့မာ(ANC)သို့ ကိုယ်စားလှယ်လားပိုင်ခွင့် မဟိစော်ကတကြောင်း၊ နောက်ပြီး ကိုညီညီလွင်သည် ရခိုင်အမျိုးသားကောင်စီ(ANC)က (၂၀၀၆) ခုနှစ်ကတည်းက တရားဝင် နှုတ်ထွက်ထားပြီးသား လူတယောက်ဆိုစော်ကို မမိသင့်ပါ၊ မိမိဆန္ဒအလျောက် နှုတ်ထွက်ထားရေ လူတယောက်က ရခိုင်ပြည်အမျိုးသားညီလာခံကို ခေါ်ပိုင်ခွင့်မဟိပါ၊ ယင်းပိုင် အကြောင်းကြောင်း  လွှတ်တော်အမတ် ဦးအောင်ထွန်းစိန်သည် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၏ သဘာပတိတယောက် မဖြစ်မြောက်ပါ။

မိန်း။
နောက်ဆုံး ပြည်သူကိုဇာပိုင်မှာကြားချင်ပါရေလဲ?

ဖြေ
။ ရခိုင်ပြည်သူပြည်သားတိကို ပြောကြားချင့်စော်က “ရခိုင့်ကြံကြမ္မာကို၊ ရခိုင်သား ဖန်းတီးနိုင်အောင် နိုင်ရေဖက်က ၀ိုင်းဝန်းလုပ်ဆောင်ဂတ်ဖို့၊ ရန်သူပါးမာ ယောက်စပေါက်စ ဒူးထောက်လားစော်ကို စိတ်မပျက်ပဲ ဆက်လက်ကြိုးစားဂတ်ပါ”လို့တိုက်တွန်းပါရေ….။

Tuesday, November 2, 2010

ဒေ အပါတ်မှာ ကျင်းပဖို့ရှိရေ ၂၀၁၀ ရွီးကောက်ပွဲ အပေါ် မဲထည့်ခွင့်ရှိရေ မဲဆန္ဒရှင်ရို့ အမြင်တချို့ကို တင်ပြပီးလိုက်ပါရေ။

ခိုင်မောင်

နိုဝင်ဘာလ ၂ရက် အင်္ဂါ နိ     ၂၀၁၀ ခုနှစ်။

စစ်တွေ (ခိုင်ရိုးမ)။ ။ ရခိုင်ပြည်သူ အများစုရေ မိမိရို့ကိုယ်အမျိုးသားပါတီကိုရာ အားပီးလာဖို့လို့
ဒေသခံတိကပြော ပါရေ။ ဒေ အပါတ်မှာ ကျင်းပဖို့ရှိရေ ရွီးကောက်ပွဲ အပေါ် ဒေသခံတိက စိတ်ဝင်စားမှု အားနည်းရေလို့လည်းသိရပါရေ။

အလယ်တန်းပြ ကျောင်းဆ၇ာမ ( မင်းပြားမြို့)

“ရှင်းရှင်းပြောရဖို့ဆိုကေ စိတ်ဝင်စားမှု မရှိပါ။ ပါတီမူဝါဒတိကိုလည်း မသိပါ။ ဇာပါတီကိုမဲထည့်ရဖို့ဆိုစွာကို မပြောတတ်ပါဒေ။ ကျောင်းစာနန့်အချိန်ကုန်နီခါ။ ယေဒါလဲ ရွီးကောက်ပွဲခါတော့ ကိုယ်ရို့ အမျိုးသားပါတီတခုခုကိုတော့ အားပီးချင်ပါရေ။ ရွီးကောက်ပွဲကိုတော့ မျှော်လင့် ချက် မထားပါဒေ။ အကျွန်စိုင်းစားမိစွာတခုက ကျောင်းသုံးစာမှာကိုယ်ရို့စာပီထည့်သွင်နိုင်ဖို့လား ဆိုစွာကိုပါ”



အိမ်ရှင်မတဦး (သံတွဲမြို့) 

”စိတ်ဝင်မစားပါ။ ကိုယ့်အလုပ်နန့်ကိုယ်ဆိုခါ။ မဲပီးဖို့ကျရေ ခါ ကောင်းရေပါတီတခုကိုမဲပီးဖို့ပါဗျာယ်။ ဒေမှာလဲယပိုင်းပါရာ စိတ်ဝင်စားမှု မရှိပါဒေ။ တခြားလူတိလဲ ဇာပါတီကို မဲထည့်ကတ်ဖို့ဆိုကေ ဒေမှာက နိုင်ငံရေးကောင်းစိတ်မ၀င်စားကတ်ပါဒေ”

စီးပွားရေးလုပ်ငန်းရှင်( ကျောက်ဖြူမြို့)

“ဂနိထိ ကျနော်မပြောတတ်ပါသိမ့်။ စီးပွားရေးကိစ္စနန့်ဆိုခါ။ ယေဒါလဲ ကျနော်ခံယူထားစွာက စီးပွားရေးမူဝါဒ တရပ် ပြောင်းလဲ ပီးနိုင်ရေ ပါတီကိုတော့ စိတ်ဝင်စားပါရေ။ ပါတီတိကလဲ အားပြိုင်နီးကတ်တေခါ။ဒေရွီးကောက်ပွဲမှာတော့ ကိုယ့်အမျိုးသားပါတီ တခုခုက လွှတ်တော်မှာရောက်နိုင်ရေ ကောင်းဖို့လို့မျှော်လင့်ပါရေ”

ဘင်္ဂလီ အမျိုးသမီး( မောင်တောမြို့) 

“ကိုယ်ရို့ပါတီကို စိတ်ဝင်စားပါရေ လူကြီးတိကလဲပြောထားပါရေ။ ကိုယ်ရို့ပါတီကိုမဲပီးဖို့အတွက်။ တခြားပါတီတိလဲ ရှိကတ်ပါယင့် ယေဒါလဲ ကိုယ်ရို့ပါတီကို ပိုစိတ်ဝင်စားပါရေ”

အစိုးရ၀န်ထမ်း( စစ်တွေမြို့) 

“ဒေမှာတော့ ငါ့ပါတီ သူ့ပါတီ အားပြိုင်နီးကတ်ပါရေ။ လူတိကလဲဇာပါတီကို ထည့်ရကောင်းမှန်းမသိဖြစ်နီကတ်တေ။ ဒေမှာပြောနီ ကတ်စွာက ရခိုင်ပါတီတိကိုရာစိတ်ဝင်စားကတ်တေ”

နိုင်ငံရေးလေ့လာသူတဦး (ပုဏ္ဌားကျွန်းမြို့) 

 “ဇာပင်ဖြစ်ဖြစ်ရလာရေ အခွင့်အရေးတရပ်ကို ဆုပ်ကိုင်ပနာ ရခိုင်အကျိုးအတွက် လုပ်သင့်ဗျာယ်လို့ယူဆပါရေ။ ၉၀ ရွီးကောက်ပွဲက လဲရခိုင်ပါတီက အမတ်၁၁ နီရာ ရခစွာကိုလဲသိထားသင့်ပါရေ။ ၂၀၀၈ ဖွဲ့စည်းပုံကိုကြိုက် ကြိုက် မကြိုက်ကြိက် ကိုယ်ရို့လုပ် ရဖို့တာဝန်ကို ကျီပွန်အောင် လုပ်ရပါဖို့။ ဒေရွီးကောက်ပွဲမှာတော့ ရခိုင်က နိုင်စီချင်ပါရေ”

Sunday, October 10, 2010

အယ်ဒီတာထံပေးစာ


စစ်တွေမြို့ရှိ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သိန်းတစ်ထောင် အကုန် ကျခံ ပြီး နှစ်ထပ် ကျောင်းဆောင် သစ် တစ်ခု ဆောက်လုပ်လျက်ရှိရာ ဦးဇော်မြင့်မှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်
ကြောင်း ယင်းအတွက် ကုန်ကျငွေ အားလုံးအား ပြင်သစ်မှ နိုင်ငံ ခြားသား တစ်ဦး က လှူဒါန်း ခြင်း ဖြစ်ကြောင်း
သိရ ပါသည်။

အဆိုပါ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသည် ငွေ ကြေးမပြည့်စုံသော မိဘများ၏ သားသမီး များ အား ပညာသင်ကြားပေးထားသေည ကျောင်းတစ်ကျောင်းဖြစ်ပြီး သူငယ်တန်းမှ လေးတန်း အထိ ကလေး သုံး ရာ ကျော် ရှိ သည်။ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများကို “သာလီစွ ပညာဒါန ” သင်ကြားပေး ထား ပါ သည်။
ယခုဆောက် လုပ်ထားသောကျောင်းမှာလည်း မူလတန်းကလေးများအတွက် သီးသန့်ဆောက်လုပ် ထား
ခြင်းဖြစ်ရာ အခန်းပေါင်း ဆယ်ခန့် အပါ အ၀င် ဆရာ ဆရာ မ များ အခန်း ကျောင်းအလုပ် အခန်းနှင့် ပတ်လည် ၀ရံတာလှေကားနှစ်ခုတို့လည်းထည့်သွင်းထားကြောင်း သိရ ပါ သည်။

ထိုကျောင်းကို ရွှေ စေတီ ကျောင်းခြံ ၀င်းထဲတွင် ဆောက်လုပ်နေခြင်း ဖြစ်ပါ သည်။ ယင်းသို့ဆောက်လုပ်မှု တွင် ပြည်ပမှ လှူဒါန်းထားသော ငွေများကို ဦးဇော်မြင့်တစ်ဦးတည်းကသာ ထိန်းချုပ် ထားသဖြင့် လုပ်ငန်းဆောင်
ရွက်မှုတွင် ရိုးသားမှု မရှိသည်များကိုလည်းတွေ မြင်နေရကြောင်း ၊ သူ သည် ဖုန်းငါးလုံး အထိ ၀ယ်ယူကာ အိမ်
ရှေ့တွင် အများသုံးဖုန်း အဖြစ် ငှါးစားနေကြောင်း သိရ ပါသည်။
“ သူပြောတာက သိန်းတစ်ထောင် ကုန်ကျခံသွားမယ်လို့ပြော ပြီး CDMA ဖုန်းတွေ ၀ယ်နေတာ ။ စာရင်း ဇယားတွေကို လည်း ပုဂ္ဂလိက အင် ဂျင်နီယာ တစ်ဦးနဲ့ပေါင်းပြီး လုပ်တယ်၊ သူ့မှာ ခရီးသွားလုပ် ရှိပေမယ့် မိုးရာသီမှာ ၀င်ငွေ မရှိ သလောက်ဘဲ၊ သူနဲ့ သူမိသားစု နေ့စဉ် အသုံးစရိတ်ဟာ နှစ်သောင်းလောက်ရှိတယ်ဆိုတော့ ခရီးသွားလုပ်ငန်းကရတဲ့ ၀င် ငွေနဲ့ ဆို အရမ်းကွာနေပြီ၊ ပြီးတော့ကျောင်းစရိတ်ဆောက်တာနဲ့ ၁၂ သိန်းနဲ့ ဆိုင်ကယ် နှစ်စီး ၀ယ်သေးတယ်၊ဒါတွေ ဟာမျောက်ပြ ဆန်တောင်းလုပ်တာဘဲ၊ ကလေးတွေကို အကြောင်းပြုပြီးတော့ ငွေ ရှာနေတာလို့မြင်တယ်၊
လို့ သူနဲ့နီးစပ်သူတွေက ပြော ပါ သည်။

အဆိုပါ ကျောင်းမှာ ရှိသည့် ဆရာဆရာမ များကို တစ်ဦး လျင် လစာ ၅ သောင်း ၀န်းကျင်သာ ရ ကြသော်
လည်း စေတနာထားက ပြ သနေခြင်းဖြစ်ကြောင်း သိရ ပါသည်။ သို့သော်လည်း အလှူရှင် များက မည် မျှ ပေး သည်ကို မသိရကြောင်း လည်း ဆရာ မတစ်ဦးထံ မှ သိရ ပါသည်။

“ အားလုံးက ဆရာ ဦးဇော်မြင့် ကဘဲ သူ့လက်သူ့ခြေလုပ်ထားတာဆိုတော့ ကျမတို့ ဘာမှ မသိဘူုး၊ အခု
ကျောင်းဆောက်နေတဲ့ နေရာမှာလည်းဘယ်သူ့ကိုမှ ငွေရေးကြေးရေးကိစ္စ မပြောတော့ သူတစ်ယောက်ဘဲ သိတယ်။ သစ်ဘိလပ်မြေတွေ ၀ယ်ရင်လည်း သူဘဲ။ ငွေ ကိုလည်းသူ့ကိုဘဲအပ်ထားတာဆိုတော့ တခြား လူတွေ
ကမသိဘူး၊ ဒါကြောင့် အားလုံးက သူ့ကိုသံသယ ရှိနေကြတာပါ၊ ”
ရွှေ စေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ကလေးငယ်များစာတတ်ရေး အတွက် များစွာ အထောက် အကူ ပြုကြောင်း သိရ ပါသည်။ ယင်း အတွက် ကြောင်းယခု မတရားငွေ စား အမှောင်ချနေမှု ကိုပြည်သူမျာွး သိအောင်လို့ ရေးလိုက်ခြင်းဖြစ်ပါသည်။

ရေးသားပေးပို့သူ ပရဟိတ ချစ်သူ တစ်ဦး


....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More